ရင်ဘတ်အဆုတ်ဆိုင်ရာဆေးခန်း

   အသက်ရှုလမ်းကြောင်းဆိုင်ရာပြောမယ်ဆိုလျှင် လူအများက အန္တရယ်မရှိဟု ထင်မှတ်ထားတက်ကြသည်။ သို့သော် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများသည် အလွန်ပင် အန္တရယ်များပြီး မည်သည်အသက်ရွယ်မဆို အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်တတ်သည်။

   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှရရှိသောအချက်အလက်များအရ ၂၀၁၂ ခုနှစ်တွင် အဆုတ်ကင်ဆာသည် ကမ္ဘာတစ်ဝှမ်း သေဆုံးရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း တွေ့ရှိရပြီး အမျိုးသားများသည် အမျိုးသမီးများထက် အဖြစ်များသည်ကိုလည်း တွေ့ရှိရသည်။ အသက်ငယ်သူများတွင် အဖြစ်နည်းသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ အသက်၂၀ကျော်များလည်း အဆုတ်ကင်ဆာရောဂါဖြစ်နေသည်ကို တွေ့ရှိရသည်။ အဆုတ်ကင်ဆာသည် အစပိုင်းတွင် ရောဂါလက္ခဏာမပြတတ်သော်လည်း ရောဂါပိုးမွှားများ အခြားအင်္ဂါများသို့ ပျံ့နှံ့ပြီးမှ ရောဂါလက္ခဏာပြတတ်သည်။ ဥပမာ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ဘတ်အောက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝိတ်ကျလာခြင်း နှင့် ချွဲသလိပ်များစွာထွက်ခြင်း တို့ကိုဖြစ်စေသည်။ ထို့ကြောင့် ရောဂါလက္ခဏာပြချိန်တွင် ကုသရန် ခက်ခဲစေပြီး အသက်ဆုံးရှုံးခြင်း များလည်း များပြားလျက်ရှိသည်။

   ရောဂါအစောပိုင်းအဆင့်အတွင်း အဆုတ်ကင်ဆာရှာဖွေတွေ့ရှိရန် အလွန်ပင် အရေးကြီးသည်။ ထိုမှသာ ရောဂါကြောင့် အသက်ဆုံးရှုံးမှုနှုန်းကို လျှော့ချနိုင်ရုံသာမက ရောဂါကုသမှုအောင်မြင်နိုင်ခြေမှာလည်း များလိမ့်မည်ဖြစ်သည်။

ရရှိနိုင်သောဝန်ဆောင်မှုများ

CGH ဆေးရုံရှိ ရင်ဘတ်အဆုတ်ဆိုင်ရာဆေးခန်းတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် အောက်ဖော်ပြပါနည်းစနစ်များကို အသုံးပြု၍ ရောဂါစစ်ဆေးခြင်းများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

  • ရင်ဘတ် x-ray ရိုက်ခြင်း
  • CT စကင်ဖတ်စစ်ဆေးခြင်း
  • အဆုတ်လုပ်ဆောင်ချက်များကို စိစစ်ခြင်း
  • Low-dose CT စကင်ဖတ်ခြင်း

အသေးစိတ် သတင်းအချက်အလက်များ

CGH Phaholyothin
  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 8.00 pm
  • ဖုံး : +662 552 8777 ext. 322 , 323
  • အီးမေးလ် : com@cgh.co.th
CGH Saimai
  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 8.00 pm
  • ဖုံး : +662 991 8999 ext. 1148 , 1149
  • အီးမေးလ် : smh@saimai.com

ဝန်ဆောင်မှုပေးသည့်နေရာ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top