သွားဆေးခန်း
လူတစ်ယောက်တွင် အဝတ်အစား နှင့် ကိုယ်ကျင့်တရားသည် အရေးကြီးသော်လည်း ဖြူဖွေးပြီး လှပသော သွားများရှိရန်လည်း အရေးကြီးသည်။ ထိုမှသာ သင်၏ပုံပန်းသဏ္ဍာန်ကို ပိုမိုလှပစေပြီး အလုပ်တွင် သာမက သင်ဘဝ တစ်ခုလုံးမှာ မျက်နှာ ပွင့်လန်းစေမည်ဖြစ်သည်။ သွားဘက်ဆိုင်ရာနှင့် ပတ်သက်လာလျှင် CGH ဆေးရုံသည် အရည်အသွေးပြည့်ဝသော ကုသမှုနှင့် စောင့်ရှောက်မှုပေးပြီး နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်း ကိရိယာများဖြင့် သွား၊ သွားဖုံး နှင့် ခံတွင်းနှင့်ပတ်သက်သော ရောဂါများအားလုံးကို ကုသပေးသည်။ ထိုအပြင် သွားနှင့် ခံတွင်း ကျန်းမာအောင် နှင့် သန့်ရှင်းနေအောင် မည်သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်ကို အကြံပေး၊ ဆွေးနွေးတိုင်ပင်ပေးသည်။
သွားညီအောင်ပြုလုပ်ခြင်းသည် မျက်နှာ၏ ပုံသဏ္ဌာန်ကို ပိုမိုလှပစေရုံမက အစာများဝါးရာတွင်လည်း ကောင်းမွန်စေပြီး ခံတွင်းကျန်းမာရေးကို ပိုမိုကောင်းစေသည်။ CGH ဆေးရုံရှိ သွားဆေးခန်းသည် သွားဖက်ဆိုင်ရာ အထူးကုများကိုယ်တိုင် ကုသပေးနေပြီး နောက်ဆုံးပေါ်စက်ပစ္စည်း ကိရိယာများဖြင့် သွားညီအောင် ပြုလုပ်သော ဝန်ဆောင်မှုများကိုလည်း ပေးနေသည်။ ထိုအပြင် သွားပြသာနာများ ရှာဖွေခြင်း၊ ဆွေးနွေးခြင်း နှင့် သွားညှိခြင်းများကို ကလေးရော လူကြီးပါကုသပေးနေသည်။ ကုသသူတိုင်း ယုံကြည်မှု အပြည့်ရစေရန် ကုသမှု အဆင့်ဆင့်တိုင်းအတွက် အသုံးပြုသည့် ပစ္စည်းများကိုလည်း နိုင့်ငံတကာ အဆင့်မီ အရည်အသွေးပြည့်ပစ္စည်းများကိုသာ သုံးသည်။
အထွေထွေသွားဘက်ဆိုင်ရာဆေးခန်း:
- ခံတွင်းပြသာနာများအတွက်စစ်ဆေးခြင်းနှင့်တိုင်ပင်ခြင်း
- အထူးကုသွားဆရာဝန်များမှ အကောင်းဆုံးစောင့်ရှောက်ပေးခြင်း
- သွား၊ သွားဖုံး၊ ခံတွင်း နှင့် ပတ်သက်သောရောဂါများအားလုံးကို ကုသပေးခြင်း
- သွားကျောက်ခြစ်ခြင်း
- သွားဖာခြင်း
- သွားနှုတ်ခြင်း နှင့် သွားစိုက်ခြင်း
- ခံတွင်းသန့်ရှင်းရေးလုပ်ပေးခြင်း
ကလေးသွားဘက်ဆိုင်ရာဆေးခန်း:
- မွေးကင်းစမှ အသက် ၁၅ နှစ်အထိ ကလေးများ၏ ခံတွင်းကျန်းမာရေးအတွက် စောင့်ရှောက် ဝန်ဆောင်မှုများ
- ခံတွင်းကျန်းမာရေးအတွက် ကလေးအထူးကုသွားဆရာ၀န်များမှ အန္တရာယ်ကင်းပြီး အရည်အသွေး မြင့်သော ကုသမှုနှင့်ကာကွယ်မှုများပေးခြင်း
- ပါးစပ်နှင့် သွားဖုံးရောဂါများအတွက် ကုသခြင်း အပြင် မူလ ('နို့') သွားများမှ အံသွားသို့ ပြောင်းသည့်အခါ သွားဖုံးကို ကာကွယ်ခြင်းနှင့်ကုသခြင်း
- ကလေးများအတွက် အရေးကြီးသော ခံတွင်းသန့်ရှင်းရေး အလေ့အထများကို အားပေးခြင်း
သွားကျန်းမာရေးအတွက် ကောင်းသော အလေ့အထများ
- သွားများမှန်မှန်တိုက်ပါ။ သင်၏သွားကို တစ်နေ့နှစ်ကြိမ်၊ နံနက်တစ်ကြိမ်နှင့် ညတွင်တစ်ကြိမ် သွားတိုက်သင့်သည်။ ပုံမှန်သွားတိုက်ပေးပါက သွားပုပ်ခြင်း သွားများ ယိုယွင်းပျက်စီးကို ကာကွယ်ပေးသည်။
- ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကိုသုံးပါ။
- အရာဝတ္ထုများကို သင်၏သွားနှင့်ကိုက်ခြင်းမှ ရှောင်ကြဉ်ပါ။
- သွားဖုံးကို ကျန်းမာစေရန် အထောက်အကူပြုစေသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကိုစားပါ။
- မလိုအပ်လျှင် သွားကြားထိုးခြင်း မပြုလုပ်ပါနှင့်။
- သွားကြားထိုးခြင်းသည် သွားအပေါ်ယံကြွေလွှာကို အက်ကြောင်းဖြစ်စေနိုင်သည်။ Dental floss (သွားသန့်ရှင်းရသော ကြိုးမျှင်)ကိုသုံးပါ။
- သွားပုံမှန်စစ်ဆေးခြင်းများအတွက် သင်၏သွားဆရာဝန်ကို ခြောက်လတစ်ကြိမ်တွေ့ရန် ရက်ချိန်းယူပါ။
အသေးစိတ် သတင်းအချက်အလက်များ
CGH Phaholyothin
- တည်နေရာ : CGH Main Building,2nd floor
- ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 7.00 pm
- ဖုံး : +662 552 8777 ext. 2248 , 2249
- အီးမေးလ် : com@cgh.co.th
CGH Saimai
- တည်နေရာ : CGH Main Building,2nd floor
- ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 8.00 pm
- ဖုံး : +662 991 8999 ext. 1250 , 1251
- အီးမေးလ် : smh@saimai.com
ဝန်ဆောင်မှုပေးသည့်နေရာ
ဆေးဘက်ဆိုင်ရာစင်တာများ +
သတင်းလွှာကိုရယူသည်
နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်