တရုတ်ရိုးရာဆေးပညာ

   တရုတ်ရိုးရာဆေးပညာသည် တရုတ်နိုင်ငံတွင် နှစ်ပေါင်းထောင်ပေါင်းများစွာ မဟုတ်ခဲ့လျှင်တောင် နှစ်ပေါင်းရာနှင့်ချီ၍ ကုသမှုများ ပြုလုပ်လျက်ရှိသည်။ ဤကုသမှု၏ အဓိကကျသောသော့ချက်တစ်ခုမှာ အပ်စိုက်ကုထုံးဖြစ်သည့် ခန္ဓာကိုယ်တစ်လျှောက်ရှိ အဓိကကျသောနေရာများတွင် အပ်များကို ထိုးသွင်းခြင်းဖြင့် ကုသခြင်းဖြစ်သည်။ ထိုအဓိကကျသောနေရာများမှာ ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုနှင့် အညစ်အကြေးများကို စွန့်ထုတ်သောလမ်းကြောင်းလေးများ ဖြစ်သည်။ ထိုကုသမှုသည် ကိုယ်ခန္ဓာအတွင်းရှိ မည်သည့်မမျှတမှုကိုမဆို ထိန်းညှိပေးရန်ရည်ရွယ်ပြီး ၎င်းကို ပရော်ဖက်ရှင်နယ် အပ်စိုက်ကျွမ်းကျင်ဆရာဝန် မှသာပြုလုပ်နိုင်သည်။ ယခုအခါ CGH ဆေးရုံတွင် အပ်စိုက်ကုထုံးဆိုင်ရာ ကျွမ်းကျင်သူများရှိပြီး စိတ်ဖိစီးခြင်း၊ အိပ်မပျော်ခြင်း၊ ဓာတ်မတည့်ခြင်း၊ လေဖြတ်ခြင်း၊ အကိုက်အခဲအမျိုးမျိုး၊ နာကျင်မှုဝေဒနာအမျိုးမျိုး နှင့် အသက် 20 နှစ်အောက်ရှိသူများအတွက် ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးရန် အပ်စိုက်ကုသခြင်းများ ကုသပေးလျက်ရှိသည်။

   လက်ရှိတရုတ်ရိုးရာ ဆေးပညာယဉ်ကျေးမှုသည် ထိုင်းနိုင်ငံတွင် လူကြိုက်များလာရခြင်းမှာ အနောက်တိုင်း ဆေးဝါးများနှင့် ဓာတ်မတည့်သူများကို အောင်မြင်ထိရောက်စွာ ကုသနိုင်ခြင်းကြောင့်ဖြစ်သည်။ အပ်စိုက်ကုထုံးသည် တရုတ်ရိုးရာဆေးယဉ်ကျေးမှုတွင် လူကြိုက်အများဆုံးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထိုအပ်စိုက်ကုသမှုသည် ၅၇ မျိုးသော ကျန်းမာရေးအခြေအနေကို ကုသရာတွင် ထိရောက်သောဆေးဖြစ်သည်ဟု တရားဝင် အသိအမှတ်ပြုထားသည်။

တရုတ်ရိုးရာဆေးပညာအမျိုးမျိုး

  • အပ်စိုက်ကုထုံး
    • အပ်စိုက်ကုထုံးသည် အပ်များကို ခန္ဓာကိုယ်တစ်လျှောက်ရှိ အဓိကကျသောနေရာအမျိုးမျိုးတွင် ထိုးသွင်းခြင်းဖြင့် နာကျင်မှုများကို သက်သာစေရန် ကုသခြင်းတွင် အသုံးပြုလေ့ရှိသည်။ တစ်ခါသုံး ဆေးထိုးအပ် ထည့်သည့်နေရာများကို meridian points ဟုရည်ညွှန်းပြီး ထိုသို့သော ကုသမှုသည် သွေးလည်ပတ်မှုကို လှုံ့ဆော်ခြင်းဖြင့် ကိုယ်ခန္ဓာမညီမျှမှုများကို ထိန်းညှိခြင်းဖြင့် ကုသပေးသည်။
  • Cupping ကုထုံး
    • Cupping ကုထုံးသည် ခွက်ပုံ ရှိသော အရာဝတ္ထုများကို ကိုယ်ခန္ဓာ၏နေရာအသီးသီးသို့ စုပ်ယူခြင်းဖြင့် ကုသခြင်း ဖြစ်သည်။ ဤနည်းသည် သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ စွန့်ပစ်ပစ္စည်းများ စုစည်းခြင်းကိုလျှော့ချခြင်း၊ ကိုယ်ခန္ဓာမညီမျှမှုများကို ပြန်လည် ထိန်းညှိပေးခြင်းနှင့် ခွက်များ ထားသည့်နေရာများတွင် ကြွက်သားပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေသည်။
  • တရုတ်ဆေးဖက်ဝင်အပင်များ
    • တရုတ်ဆေးဖက်ဝင်အပင်များကို တုပ်ကွေး၊ နာတာရှည်ပင်ပန်းနွမ်းနယ်မှုနှင့် အိပ်မပျော်ခြင်း စသည့်ရောဂါများနှင့် အခြားကျန်းမာရေးချို့တဲ့မှုများအတွက် ကုသရာတွင် အသုံးပြုပြီး ကင်ဆာ ကုသမှုနှင့် ဆက်စပ်သော ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် အသုံးပြုသည်။
  • Moxibustion
    • Moxibustionသည် မှုမမှန်သည့်ရောဂါလက္ခဏာများကို ကုသရန် သို့မဟုတ် သက်သာစေရန် အရေပြားအနီးတွင် အပင်များကိုလောင်ကျွမ်းစေခြင်းဖြင့် ကုသသော ကုသမှုဖြစ်သည်။

CGH ဆေးရုံတွင်ရရှိနိုင်သောဝန်ဆောင်မှုများ

  • ရောဂါအမျိုးမျိုးကုသရန်အတွက်အပ်စိုက်ကုထုံး - ခန္ဓာကိုယ်တစ်လျှောက်ရှိ အဓိကကျသော နေရာအမျိုးမျိုးတွင် အပ်များကို ထိုးသွင်းခြင်းဖြင့် ကုသသောကုထုံး
  • အလှအပအတွက်အပ်စိုက်ကုထုံး - အပ်စိုက်ကုထုံးကို အလှအပအတွက် ကုသခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ အစက်အပြောက်များ၊ အညစ်အကြေးများ နှင့်အရေးအကြောင်းများကို လျှော့ချပေးသည်
  • ကျန်းမာရေးနှင့်အာဟာရအတွက်အပ်စိုက်ကုထုံး
  • Cupping ကုထုံး

အသေးစိတ် သတင်းအချက်အလက်များ

CGH Saimai
  • တည်နေရာ : CGH Main Building,2nd floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 4.00 pm
  • ဖုံး : +662 991 8999 ext. 366 , 367
  • အီးမေးလ် : smh@saimai.com

ဝန်ဆောင်မှုပေးသည့်နေရာ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top