ကလေးများအတွက် ဖွံဖြိုးရေးဌာန

CGH ဆေးရုံရှိ ကလေးများဖွံဖြိုးရေးဌာနတွင် ကလေးများကို မည်သို့စောက်ရှောက်ရမည်နှင့် ကလေးငယ်များ၏ ကျန်းမာရေးဖွံဖြိုးမှုကို မည်သို့အားပေးရမည်ကို ကလေးအထူးကုဆရာဝန်များနှင့် ဆွေးနွေးပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်။ ကလေးငယ်များ၏ ပုံမှန်မဟုတ်သော အမူအကျင့်များ၊ စိတ်ခံစားမှု အခြေနေများနှင့် စိတ်ကျန်းမာရေးကြောင့် သင်ယူမှု ဖွံဖြိုးမှုစွမ်းအားများကို မည်သို့အကျိုးသက်ရောက်နေကြောင်းကို ကောင်းမွန်စွာလေ့လာပြီး အကောင်းဆုံးနည်းလမ်းများဖြင့် ကုသပေးလျက်ရှိသည်။ ဥပမာ ဝက်ရူးပြန်သူ၊ စိတ်ဝေဒနာရှိသူ၊ အရွယ်မတိုင်မီ မွေးဖွားသူ သို့မဟုတ် ဒေါင်းဆင်ဒရုန်းရှိသူ

ကလေး၏ဖွံဖြိုးမှုအခြေအနေကို စောင့်ကြည့်ပေးသော ကလေးအထူးကုဆရာဝန်များအဖွဲ့၊ စကားပြောကုထုံးပညာရှင်များ နှင့် ကလေးစိတ်ကျန်းမားရေးဖွံဖြိုးမှုအထူးကုဆရာဝန်များ

ဝန်ဆောင်မှုများ

  • မိခင်များကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရင်သွေးများကို အန္တရယ်များ(စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ)မှ ကြိုတင်ကာကွယ်ရန် ဆွေးနွေးသင်ကြားပေးခြင်း
  • သာမန်မွေးကင်းစကလေးများနှင့် အန္တရယ်ဖြစ်နိုင်ခြေရှိကလေးငယ်များကို ကျန်းမာရေးဖွံဖြိုးတိုးတက်အောင် လှုပ်ဆော်ပေးခြင်း (မွေးကင်းစမှ နှစ်နှစ်အရွယ်အထိ)
  • မွေးကင်းစကလေးငယ်များကို သင့်တော်သည့် အစားအစာများဝါးခြင်း၊ စုပ်ခြင်း နှင့် စားခြင်းများကို သင်ကြားပေးခြင်း
  • ကြွက်သားများကိုဖြောင့်တန်းအောင်ပြုလုပ်ပေးခြင်း၊ လှုပ်ရှားစေခြင်း နှင့် အာရုံခံတတ်စေခြင်း
  • စကားပီပြင်စွာပြောတတ်အောင်နှင့် မိခင်ဘာသာစကားကောင်းမွန်စွာ ပြောတတ်အောင် သင်ကြားပေးခြင်း
  • ကလေးငယ်၏သင်ယူမှုအပေါ်အကြံပြုခြင်းနှင့် ကလေး၏ထူးခြားသောအရည်အခြင်းများကို ရှာဖွေပေးခြင်း
  • ဂီတကိုအသုံးပြုခြင်းဖြင့် ကလေးငယ်များ၏ နေ့စဉ်ဖွံဖြိုးမှုကို လှုပ်ဆော်ပေးခြင်း
  • အနုပညာကိုအသုံးပြုခြင်းဖြင့် ကလေးငယ်များ၏ ဖန်တီးမှုစွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုများကို မြှင့်တင်ပေးခြင်း

   ထိုအပြင် မိသားစုပြသာနာများ (ဥပမာ ကွာရှင်းခြင်း)၊ ကလေးယူရန်ပြင်ဆင်ခြင်း၊ ကလေးငယ်များ ဗီဒီယိုဂိမ်းလွန်စွာစွဲလမ်းခြင်း၊ အရွယ်မရောက်သေးသောကလေးများ၏အမူအကျင့်များပြောင်းလဲခြင်း နှင့် စိတ်ဖိစီးမှုခံစားနေရခြင်းပြသာနာများကို အဓိကကူညီဖြေရှင်းပေးရန် ဆွေးနွေးလမ်းညွှန်ပေးသည့်ဌာနများကို လည်းထားရှိလျက်ရှိသည်။

အသေးစိတ် သတင်းအချက်အလက်များ

  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 8.00 pm
  • ဖုံး : +662 552 8777 ext. 311 , 312
  • အီးမေးလ် : com@cgh.co.th

စင်တာများတွင်ရှိသော ဆရာဝန်များ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top