ရင်သားကင်ဆာဆေးခန်း

ရင်သားရောဂါများသည် အလွန်ပင်သတိထားရသောရောဂါတစ်ခုဖြစ်ပြီး ကျွန်တော်တို့၏ အဓိက ရည်ရွယ်ချက်သည် အမျိုးသမီးများ၏ သဘာဝ ပုံပန်းသဏ္ဍန်ကို မပျက်စီးဘဲ ကုသပေးခြင်းဖြစ်သည်။

CGH ဆေးရုံရှိ ရင်သားကင်ဆာဆေးခန်းသည် ရင်သားကင်ဆာရှိသော အမျိုးသမီးများကို စောင့်ရှောက်ပေးသည့်အပြင် ရင်သားအတွင်း မူမမှန်မှုများ၊ ရင်သားကင်ဆာ၊ ရင်သားအကျိတ်၊ အမြှေးပါးအလျွန်အကျွံထွက်ခြင်း၊ ရင်သားအလုံးတည်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ရင်သားတွင် အမျှင်လုံးတည်ခြင်း နှင့် အခြားရောဂါအမျိုးမျိုးတို့ကို ကုသပေးသည်။

ရင်သားကင်ဆာပုံရိပ်ကို ရယူရန် x-ray ရောင်ခြည်နည်းသော အဆင့်မြင့် mammogram စက်ကို အသုံးပြုထားပြီး ထိုmammogramသည် ရင်သားကင်ဆာ အစောပိုင်းအဆင့်ကို ရှာဖွေရန်အတွက် အသုံးပြုနိုင်သည်။

ရင်သားကင်ဆာရောဂါကုသခြင်း အောင်မြင်မှုအခွင့်အလမ်းများစေရန် အစောပိုင်းကာလကတည်းက

ရင်သားကင်ဆာရောဂါရှာဖွေမှုကို နှစ်စဉ်စစ်ဆေးရန်အတွက် အကြံပြုထားပါသည်။

ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ

  • အထွေထွေဆေးကုသမှုနှင့် တစ်ခြားရင်သားပြသာနာများဖြစ်သော ရင်သားအတွင်း(သို့)ဘေးတွင် အလုံးတွေ့ခြင်း၊ ရင်သားနာကျင်ခြင်း၊ ရင်သားကင်ဆာ၊ အကျိတ်၊ တက်စေ့၊ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းများကိုကုသပေးခြင်း
  • ရင်သားရောဂါပြသာနာအမျိုးမျိုးကို ရှာဖွေခြင်း၊ ရင်သားကျန်းမာရေးနှင့် အလှအပရေးရာ ကျွမ်းကျင်ဆရာဝန်များမှ ရင်သားရောဂါအမျိုးမျိုးအတွက် ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးခြင်း
  • အစောပိုင်းကာလ၏ရင်သားကင်ဆာရောဂါအန္တရာယ်များကို ရှာဖွေခြင်း၊
  • Digital Mammogram နှင့် Ultrasound
  • Magnetic Resonance Imaging (MRI)
  • ဆဲလ်တွေကို စစ်ဆေးဖို့အတွက် သေးငယ်တဲ့အပ်ကို ယူပြီး လိုအပ်တဲ့ ဆဲလ်ပမာဏကို စုပ်ယူခြင်း
  • ရင်သားကင်ဆာ အသားစယူခြင်း

အသေးစိတ် သတင်းအချက်အလက်များ

  • တည်နေရာ : CGH Main Building,1st floor
  • ဝန်ဆောင်မှုပေးချိန်များ : Daily 8.00 am - 12.00 pm
  • ဖုံး : +662 552 8777 ext. 323
  • အီးမေးလ် : com@cgh.co.th

စင်တာများတွင်ရှိသော ဆရာဝန်များ

သတင်းလွှာကိုရယူသည်

နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်

Top