အရိုးအဆစ်အစားထိုးဆေးခန်း

အရိုးအဆစ်နာရောဂါဝေဒနာရှင်များသည် အရိုးအဆစ်အစားထိုးခွဲစိတ်ကုသမှုကို စဉ်းစားသောအခါ စိုးရိမ်ပူပန်မှုနှင့် မသေချာမှုများကို ခံစားရသည်။ ဥပမာ သူတို့သည် နာကျင်မှုကိုကြောက်ရွံ့ခြင်းနှင့် ခွဲစိတ်ကုသပြီးနောက် ပုံမှန်ဘဝသို့ ပြန်သွားနိုင်မည်မဟုတ်ဟု စိုးရိမ်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လက်ရှိ ရောဂါလက္ခဏာများကိုပင် မကုသဘဲ ကြိတ်မှိတ်ကာနေကြသည်။ CGH ဆေးရုံရှိ အရိုးအဆစ်အစားထိုးဆေးခန်းသည် အရိုးအဆစ်နာရောဂါဝေဒနာရှင်များ၏ စိုးရိမ်ပူပန်မှုများကို သိသောကြောင့် အကောင်းဆုံးနှင့် လုံခြုံစိတ်ချမှုပေးနိုင်အောင် အရိုးအဆစ်အထူးကုဆရာဝန်များနှင့် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် အရိုးအဆစ်အစားထိုး ခွဲစိတ်ကုသရာတွင် နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် နည်းပညာများကိုသာ အသုံးပြု၍ ခွဲစိတ် ကုသမှုများကို ပြုလုပ်သည်။ ကျွန်ုပ်တို့သည် အရိုးအဆစ်နာရောဂါဝေဒနာရှင်များကို စောင့်ရှောက်ရာတွင် ရက်ချိန်းယူချိန်မှစ၍ ခွဲစိတ်ပြီးနောက်ကုသမှု၏ရလဒ်များကို စောင့်ကြည့်ပြီးချိန်ထိ နိုင်ငံတစ်ကာအဆင့်မီ စောင့်ရှောက်မှုများပေးနိုင်အောင် ဦးစားပေးလျက်ရှိသည်။ ကျွန်ုပ်တို့၏ အမြင့်ဆုံး ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏လူနာများကို နာကျင်မှုမှကင်းဝေးစေရန်နှင့် သူတို့၏ပုံမှန်နေ့စဉ်ဘဝသို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိပြီး အရိုးအဆစ်များ ကြာရှည်ကောင်းမွန်စေရန်ဖြစ်သည်။

လူနာများသည်အရိုးအဆစ်အစားထိုးခွဲစိတ်ကုသမှုခံယူရသည့်အကြောင်းရင်းများ
- အရိုးအဆစ်များကို အလွန်တရာအသုံးပြုခြင်း၊ အိုမင်းခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း သို့မဟုတ် လေးဖက်နာရောဂါများကြောင့် အရိုးအဆစ်နာခြင်း
- လူနာတွင်သိသာထင်ရှားသောနာကျင်မှုလက္ခဏာများရှိခြင်း
- ပုံပျက်သော သို့မဟုတ် ကွေးသောအဆစ်များရှိခြင်း လူနာသည် ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် ဆေးဝါး၊ ဇီဝကမ္မကုထုံးကဲ့သို့ ခွဲစိတ်မှု မပြုသည့်ကုသမှုများကို တုံ့ပြန်မှုမရှိခြင်း
အရိုးအဆစ်အစားထိုးပြီးနောက် အသေးစိတ်စောင့်ရှောက်မှုများ
CGH ဆေးရုံရှိ အရိုးအဆစ်အစားထိုးဆေးခန်းသည် လူနာအားလုံး၏ ဘဝအရည်အသွေးအတွက် အရိုးအဆစ်များ၏ အရေးကြီးပုံကို နားလည်သောကြောင့် ကျွန်ုပ်တို့၏ အထူးကုဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အရိုးအဆစ်အစားထိုးခွဲစိတ်ကုသမှု ခံယူနေသည့် လူနာများကို ခွဲစိတ်စဥ် ကာလတစ်လျှောက်လုံး အကောင်းဆုံးဝန်ဆောင်မှုများကို ပေးလျက်ရှိသည်။
- လူနာများကို ခွဲစိတ်မှုမပြုမီ အသိပညာပေးခြင်း၊ ခွဲစိတ်ကုသမှုမတိုင်မှီ လူနာတစ်ဦးချင်းစီ၏ နေ့စဉ် နေထိုင်မှုပုံစံနှင့်ကိုက်ညီစေရန် ခွဲစိတ်ကုသမှုပြုပြီးနောက် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများနှင့် ပတ်သက်၍ အကြံဥာဏ်များ ပေးခြင်း
- ခွဲစိတ်စဥ် မော်ဖင်းမထိုးဘဲ မေ့ဆေးပဲသုံးသောကြောင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးများဖြစ်သော ပျို့အန်ခြင်း၊ မှုးဝေခြင်း နှင့် မအီမသာဖြစ်ခြင်းကို မဖြစ်စေဘဲ လူနာကို အမြန်ဆုံး ပြန်လည် ကျန်းမာလာစေခြင်း
- ခွဲစိတ်ကုသမှုမှဘေးထွက်ဆိုးကျိုးများကိုကာကွယ်ခြင်း ဥပမာ thrombosisနှင့် ရောဂါကူးစက်ခြင်း
- ရောဂါကူးစက်မှု အန္တရာယ်ကို စောင့်ကြည့်ခြင်းနှင့် လုံခြုံမှုကို ဦးစားပေးခြင်း။ ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ပိုးသတ်ထားသောအဝတ်အစားများနှင့် ခွဲစိတ်ကုသမှုကာလအတွင်း ဆရာဝန်များအား ခန္ဓာကိုယ်အတွင်းရှိနေရာများကို ကောင်းစွာမြင်နိုင်ရန် ရှေ့မီးများအပါအဝင် အရည်အသွေး အမြင့်ဆုံး ဆေးပစ္စည်းကိရိယာများကိုသာ အသုံးပြုခြင်း
- ကျွန်ုပ်တို့၏ ရူပဗေဒပညာရှင်နှင့် ရူပကုထုံးပညာရှင်များသည် စံနှုန်းသတ်မှတ်ထားသော ရူပကုထုံးနှင့် လုပ်ငန်းခွင်ကုထုံးဖြင့် ဝန်ဆောင်မှုပေးပြီး မိမိကိုယ်ကိုစောင့်ရှောက်မှုနှင့် ပတ်သက်၍ အကြံဥာဏ်များပေးခြင်း
- ခွဲစိတ်ကုသပြီးနောက် ကုသမှုရလဒ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပေးခြင်း
- အရိုးပွရောဂါ၊ ခွဲစိတ်ကုသမှုနည်းစနစ်များနှင့် ခွဲစိတ်ကုသပြီးနောက် မိမိကိုယ်ကိုဂရုစိုက်ခြင်း စသည့်အကြောင်းအရာများနှင့် ပတ်သက်သောပညာများပေးခြင်း
အသေးစိတ် သတင်းအချက်အလက်များ
- တည်နေရာ : CGH Main Building,1st floor
- ဝန်ဆောင်မှုပေးချိန်များ : Daily 9.00 am - 7.00 pm
- ဖုံး : +662 552 8777 ext. 1112
- အီးမေးလ် : com@cgh.co.th
စင်တာများတွင်ရှိသော ဆရာဝန်များ
Dr. Jaras Pitawiwathananont
ထူးချွန်မှု: Internal Medicine, Pulmonary and Critical Care Medicine
ရက်ချိန်းယူရန်Dr. Jeerasak Thanaboon
ထူးချွန်မှု: Orthopedic Fracture, Sports Medicine, Arthroscopic Surgery, Hip Knee Shoulder Arthroplasty
ရက်ချိန်းယူရန်Dr. Sasawan Chinratanapisit
ထူးချွန်မှု: Pediatrician, Board of Pediatric Allergy and Immunology
ရက်ချိန်းယူရန်Dr. Suwannapa Pakotiprapha
ထူးချွန်မှု: Internal Medicine, Pulmonary and Critical Care Medicine
ရက်ချိန်းယူရန်ဆေးဘက်ဆိုင်ရာစင်တာများ +
သတင်းလွှာကိုရယူသည်
နောက်ဆုံးပေါ်သတင်းများ/ ပတ်ခ်ကေ့ချ် နှင့် ပရိုမိုးရှင်း / သင့်ထံသို့ တိုက်ရိုက်ပို့သည်